☉❴ Pokémon GO အကြောင်း မေးလေ့ရှိသော မေးခွန်းများ ❵☉
• မေးစရာတွေရှိတယ်၊ အခုထိဆော့လို့မရဘူးဆိုရင် ဒါလေးအရင်ဖတ်ပေးပါခင်ဗျာ •
✪ Pokémon GO အကြောင်း အခြေခံအချက်အလက်တွေ နားမလည်သေးရင်
ဒီ post ကို အရင်ဖတ်ပါ
-- အတတ်နိုင်ဆုံး အခြေခံအချက်အလက် ပြည့်ပြည့်စုံစုံရေးထားပါတယ်
✌ ဖတ်ရန် ✌
✪ Pokémon GO အတွက် Download link
-- Android version 4.4 နှင့်အထက်မှ ကစားလို့ရပါတယ်
-- Android Download Link (GooglePlay Store)
-- Android တိုက်ရိုက် Download Link
-- iOS သမားများကတော့ US တို့ဘာတို့လို App Store တွေပြောင်းပြီး
install လုပ်ပြီး ကစားပါခင်ဗျာ
✪ GPS error, Location error အနီရောင် error တက်နေတာ
-- ဒီ post လေးအတိုင်းအရင်လိုက်လုပ်ကြည့်ပါ
✌ ဖတ်ရန်✌
-- မရရင် ဒီ video အတိုင်းထပ်ကြည့်ပါ
✌ Video ကြည့်ရန် ✌
-- အိမ်ထဲမှာဆော့လို့မရပါဘူး ၊ အိမ်ပြင်ထွက်ဆော့ရတာပါ
အပြင်မှာ လမ်းတကယ်လျှောက်ပြီးဆော့ရတာပါ
-- မရရင် Live Chat သို့မဟုတ် Contact ကနေမေးပါ
✪ Fake GPS နဲ့ ဆော့သင့်လား
-- လုံးဝ (လုံးဝ) မဆော့သင့်ပါ ၊ အားမပေးပါ
-- အခုဆိုရင် Fake GPS နဲ့ ဆော့တဲ့သူတွေင်္ကု စပြီး report လုပ်နေကြပါပြီ
-- Fake GPS နဲ့ ဆော့တဲ့သူတွေကို ဖယ်ရှားဖို့အတွက် စနစ်တစ်ခု လာနေပြီဖြစ်ကြောင်း
CEO ကိုယ်တိုင်လည်း Twitter မှာ ကြေငြာထားပါတယ်
-- Fake GPS နဲ့ဆော့တဲ့သူတွေကို အားကျမနေပါနဲ့ ၊ report သာလုပ်ပါ
report လုပ်နည်းရေးပေးပါဦးမယ်
✪ နာမည်ပေးတဲ့ နေရာမှာ အဆင်မပြေဖြစ်နေတာ
-- နာမည်ပေးတာ ၁၀ ခါမှာ ၉ ခါမရတာများပါတယ်။ ကစားသမားတွေ အများကြီးရှိလို့ပါ
-- အကြံပေးချင်တာကတော့ နာမည်ကို
မိမိနာမည် နဲ့ နှစ်သက်ရာ ဂဏန်း ၆ လုံး
ကို ပေါင်းပြီးပေးပါ
-- အဲဒါမှမရသေးရင် ဂဏန်း ၁၀ လုံးတိုးပါ။ သာဂိ၊ ဂွက်ထော် အစရှိသည့်နာမည်များပေးပါ
✪ PokéStops အပြာရောင်တိုင်တွေ၊ Gym တွေမတွေ့တာ၊ Pokémon တွေရှာမရတာ
-- ရန်ကုန်နဲ့ မန္တလေးမှာ မဟုတ်ရင်တော့ တော်တော်လေးကို ရှားပါတယ်
-- ရန်ကုန်မှာတောင် မြို့လည်ခေါင်တွေပဲရပါတယ်။ သင်္ဃန်းကျွန်း၊ သာကေတ၊
မြောက်ဒဂုံ၊ ပါရမီ စတဲ့ဘက်တွေဆိုဘာမှမကိုမရှိဘူး
-- ရန်ကုန်မှာဆိုရင် ဘယ်နေရာတွေမှာ ရှိလဲသိချင်ရင် ဒီ post ကို ပြန်ဖတ်ပါ
✌ ဖတ်ရန် ✌
-- လူစည်ကားတဲ့နေရာတွေ သွားပါ။ နာမည်ကြီးတ
ဘုရား ၊ ဘုန်းကြီးကျောင်း ၊ ဗလီ ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၊
သင်္ချိုင်းကုန်း စတဲ့နေရာတွေက PokéStops တွေ Gym တွေဖြစ်တာပါ
✪ PokéBall ကုန်သွားရင်
-- အပေါ်မှာပြောခဲ့တဲ့ PokéStop တွေကို လိုက်ရှာရပါမယ် ၊ အချိန်ပေးရပါလိမ့်မယ်
-- PokéStop တစ်ခုကိုတွေ့ရင် အနီးနားရောက်အောင်သွားပါ ၊
ပြီးရင် နှိပ်လိုက်ပါ ၊ ပြီးရင် အဝိုင်းကို လှည့်ပါ
-- PokéStop တွေဟာ ၅ မိနစ်တစ်ခါ လှည့်လို့ရပါတယ် ၊
PokéBall အများကြီးလိုချင်ပြီး PokéStop ရှားတယ်ဆိုရင် ထိုင်စောင့်ပြီး လှည့်ပါ
✪ AR mode နဲ့ ဖမ်းချင်တာ
-- Gyro ပါတဲ့ ဖုန်းတွေမှ AR mode နဲ့ဖမ်းလို့ရတာပါ ၊
မပါရင် ရိုးရိုး game ထဲက ပုံနောက်ခံပဲဖြစ်နေမှာပါ
-- ပါတယ်ဆိုရင် AR ဆိုပြီးတော့ Pokemon ဖမ်းတဲ့အချိန်မှာ
ဖုန်းရဲ့ ညာဘက် အပေါ်ထောင့်မှာ ရှိပါလိမ့်မယ်
-- AR mode နဲ့ ဖမ်းတဲ့အခါမှာ Pokemon ကို လှည့်ပတ်ရှာရပါတယ် ၊
Pokemon နဲ့ တည့်တည့်မဖြစ်ဘူးဆိုရင်
screen မှာ မြှားလေးပြပါလိမ့်မယ်၊ မြှားဘက်ကို လိုက်ချိန်ပါ
✪ ဥအကြောင်းသိချင်ရင် ဒီ post ကိုပြန်ကြည့်ပါ
✌ ဖတ်ရန်✌
✪ Lure Module ဆိုတာ ဘာလဲသိချင်ရင် ဒီ post ကို ဖတ်ပါ
✌ ဖတ်ရန်✌
✪ Candy တို့ Stardust တို့အကြောင်းသိချင်ရင် ဒီ post ကို ဖတ်ပါ
✌ ဖတ်ရန်✌
✪ Level Up လုပ်ရမှာလား Evolve လုပ်ရမှာလား သိချင်ရင် ဒီ post ကို ဖတ်ပါ
✌ ဖတ်ရန်✌
✪ Pokémon GO ဖန်တီးသူအကြောင်း သိချင်ရင် ဒါကို ဖတ်ပါ
✌ ဖတ်ရန်✌
တစ်ခုခုကို အလွယ်တကူပြန်ရှာချင်ရင် Facebook Search မှာ #PokemonGoMyanmarFanClub
သို့မဟုတ်#PokemonGoMyanmarTips စသဖြင့် ပြန်ရှာနိုင်ပါတယ်
ဒီစာရင်းကို ထပ်ပြီးတော့ တိုးသွားပါမယ် ၊ နောက်ထပ် tutorial တွေလဲရေးပေးနေပါတယ်
ရေးထားတဲ့သူတွေရှိရင်လဲ မျှဝေပေးပါ Tips တွေကို မျှဝေတဲ့အခါမှာ
#PokemonGoMyanmarTips ဆိုပြီး မျှဝေရင်
ရှာရမယ့်သူတွေအတွက် တော်တော်လွယ်သွားပါလိမ့်မယ်
------------------------------------------------------------------------------------------
စာများကိုအပေါ်သို့ဆွဲတင်ပါ(Scroll Down Available)
Follow us on Facebook
☉❴ Pokémon GO Error ဖြေရှင်းနည်းများ ❵☉
20~Aug~2016 (SAT)
Pokémon GO Error ဖြေရှင်းနည်း ၊ GPS Error ဖြေရှင်းနည်းများ
Android Version 4.0 ကနေစပြီး Android Version 6.0.1 အထိ
Pokémon GO ဆော့လို့ရအောင်လည်း ဖြေရှင်းပေးထားပါတယ်
Player တွေအဖြစ်အများဆုံး case တွေဖြစ်သော GPS Error
ဖြေရှင်းနည်းများကိုလည်း ရှင်းပြပေးထားပါတယ်
Pokémon GO ဘယ်လိုဆော့ရလဲ ဆိုတာကိုပါ
အသေးစိတ်အချက်အလက်ကအစရေးပေးထားပါတယ်
Our Servers Error ဖြေရှင်းနည်း
GPS Signal not found Error ဖြေရှင်းနည်း
Failed to detect location Error ဖြေရှင်းနည်း
စတဲ့အချက်တွေကို သေချာဖြေရှင်းပေးထားပါတယ်
PDF file အနေနဲ့ ပြုလုပ်ပေးထားတဲ့အတွက်
PDF file လေးကိုဒေါင်းပြီး အဲ့ထဲကအတိုင်းလုပ်ရုံပါပဲ
လိုအပ်သော Download Link တွေပါတစ်ခါတည်း
ပြည့်စုံအောင် ထည့်ပေးထားပါတယ်
-------------------------------------------------------------------
စာများကိုအပေါ်သို့ဆွဲတင်ပါ(Scroll Down Available)